-->
The start of beginning
· နန်း ထိုက် တဲ့ပန်း ၊ တော်ဝင် တန်းမို့ 
လန်းဆန်း မွေးကြိုင် ၊ ရနံ့ လှိုင်သည်
ခိုင်ကျည် သင်းပျံ့  ၊ မိုးလုံး ဆံ့မျှ ။ ။
· ကျင် သန့် စိတ်ထား၊ ထောင်လွှား ကင်းမဲ့
ပြုံးလျက် တည်ကြည် ၊ ခြင်သေ့ ဆီသို့
မဟေသီရှင့် ၊ ဂုဏ်ပေါင်း တင့်မို့
ကြင် ခွင့် ရရေး ၊ မောင်မျှော် တွေးလည်း
ဟိုရှေး ယခင် ၊ သမိုင်း စဉ်လာ
သာမန် သာမို့ ၊ ပြန် ကြင် မှာလား ၊ ကြင်ဘူး လားလို့?
မမေး ၀ံ့ ၀ံ့ ၊ မေး ၀ံ့ ၀ံ့ ကွယ် ။ ။ အို ဘာဘဲဖြစ်ဖြစ် လေ…..
· ထွေး ပိုက် မြတ်နိုး ၊ မော ရှမ်းရိုး ရဲ့
ဖြိုးဖြိုး ဖျဖျ ၊ မြမြ ရေးရေး
နှင်းဖြူဖွေး ဖုံး ၊ မျှော်မဆုံး လှ
မုံတ၀” ၏ ၊ အလှ ထိပ်သီး
နန်းမီးမီး” ရေ… ၊ “ရှေ့သို့ လှမ်းတက်
စွမ်းထက် မြက်ပြီး ၊ ပြုံးလျက် အောင်ပွဲ
မေ ဆင်နွှဲ စေ ၊ ကောင်း ခြင်း ဝေ” ဖို့
ရှမ်း မြေ အင်းလေး ၊ နောက်ဖက် ဘေးရဲ့
ရေးရေး တောင်တန်း ၊ (တာ) ၀တိံ နန်းနဲ့
အလှမ်း မဝေး ၊ “လက်မောင်းကွေး” က
သာမည လူ ၊ စိတ် ထားဖြူ ဖြင့်
တစ်အူ တုံ ဆင်း ၊ (မောင်) နှမ ရင်းလို
ကြင်နာ ပို သည် ၊ နှစ်လို လဲ့လဲ့
တုံ့ပြန်ကွဲ့ လို့ ၊ ခ ယ ရိုကျိုး ၊ မောင်တိုးရှိုး ပေါ့….
မျှော်ကိုး လင့်လင့် ၊ စိုးထင့်ထင့် ။ ။
တုံ့ပြန် ကွဲ့ လို့ ၊ ရင်ဝယ် မြတ်နိုး ၊ ကြင်နာ တိုး ပေါ့….
မျှော်ကိုး လင့်လင့် ၊ စိုးထင့်ထင့် ။ ။

Comments

Popular posts from this blog